Breaking News

အမေးအဖြေများ

လျှောက်ထားသူသည်-
(က) နည်းပညာနှင့် သက်မွေးပညာလုပ်ငန်းသဘာဝအရ ကျန်းမာရေးကောင်းမွန်သူဖြစ်ပြီး လက်တွေ့ လုပ်ငန်းနှင့် စက်ရုံ/ကုမ္ပဏီများသို့ ကွင်းဆင်းဆောင်ရွက်နိုင်သူဖြစ်ရမည်။
(ခ) တက္ကသိုလ်ဝင်စာမေးပွဲတွင် သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒဘာသာတွဲများပါဝင်သော မည်သည့် ဘာသာ တွဲများဖြင့် အောင်မြင်သည်ဖြစ်စေ လျှောက်ထားနိုင်သည်။
(ဂ) တက္ကသိုလ်ဝင်စာမေးပွဲတွင်ရရှိခဲ့သည် အင်္ဂလိပ်စာနှင့် သင်္ချာစုစုပေါင်းရမှတ်အပေါ် မူတည်၍ ရွေးချယ်မည်ဖြစ်သည်။
(က) လျှောက်ထားသူ၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မိတ္တူ)။
(ခ) မိဘနှစ်ဦးစလုံး၏ နိုင်ငံသားစိစစ်ရေးကဒ်ပြား(မိတ္တူ)။
(ဂ) ကျန်းမာရေးကောင်းမွန်ကြောင်းထောက်ခံစာကို မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ထောက်ခံစာ မူရင်း။
(ဃ) သက်ဆိုင်ရာမှ တရားဝင်ထုတ်ပေးထားသော တက္ကသိုလ်ဝင်စာမေးပွဲအောင်မြင်သည့် အမှတ် စာရင်း(မူရင်း)။
(င) တက္ကသိုလ်ဝင်စာမေးပွဲအောင်လက်မှတ်(မိတ္တူ)။
(စ) လျှောက်ထားသူ၏ အမည်ပါရှိသော အိမ်ထောင်စုစာရင်းဇယား(မိတ္တူ)။
(ဆ) ပတ်စပို့အရွယ်ရောင်စုံဓာတ်ပုံ (၃)ပုံ။
တစ်မေဂျာ အယောက် 40 နှုန်းဖြင့် 5 မေဂျာ ပေါင်း အယောက် 200 သတ်မှတ်ထားပါသည်။
ခုလက်ရှိ မေဂျာ 4ခု မြို့ပြ၊ လျှပ်စစ်ဆက်သွယ်၊လျှပ်စစ်စွမ်းအား နဲ့ စက်မှု မေဂျာများ ဖွင့်လှစ်ထားပါသည်။ စက်မှုလယ်ယာမေဂျာ ကို ဖွင့်လှစ်ဖို့ လျာထားလျှက်ရှိပါသည်။
သုံးနှစ်တတ်ရောက်ရပါမည်။သုံးနှစ်အောင်မြင်ပြီးလျှင် ဒီပလိုမာ လက်မှတ်ရရှိပါမည်။ BE ပေါင်းကူးပါခဲ့ရင် 3BE ကနေ 6BE အထိ TU မှာ လေးနှစ်တတ်ရပါမည်။