Breaking News

သင်္ချာဌာန

သင်္ချာဌာန

သင်္ချာဘာသာရပ်ကို AGTI (ပထမနှစ်)နှင့် ဒုတိယနှစ် တို့ တွင်သာသင်ကြားပါသည်။
(ပထမနှစ်) တွင် First Semester (Ma-11011)နှင့် Second Semester (Ma-12011) ဟူ၍ လည်ကောင်းဒုတိယနှစ် တွင် First Semester (Ma-21021)နှင့်Second Semester (Ma-22021) ဟူ၍ ခွဲထားပါသည်။

စာသင်ချိန်နှင့် ပြီးစီးကိုက်ညီစေရန် ဆရာ၊ဆရာမ များက သင်ခန်းစာများကို Lesson Plan များဆွဲရန် ကျောင်းသူ၊ကျောင်းသားများကို သင်ကြားပေးပါသည်။

ကျောင်းသူ၊ကျောင်းသားများ၏အင်ဂျင်နီယာသင်္ချာဘာသာရပ် စွမ်းဆောင်ရည်တိုးတက်စေရန် ဆရာ၊ဆရာမများက စာသင်ခန်းထဲတွင် Group ဖွဲ့၍ပုစ္ဆာများကို အပြန်အလှန်ဆွေးနွေးစေခြင်း၊ Tutorial စာမေးပွဲများ စစ်ဆေးပေးခြင်းများကို ပြုလုပ်ရန် လေ့ကျင့်ပေးပါသည်။

အင်ဂျင်နီယာပညာရပ်တွင် သက်ဆိုင်ရာမေဂျာအလိုက် သင်္ချာဘာသာရပ် အရေးပါပုံ နှင့် အသုံးဝင်ပုံများကိုလည်း စာသင်ချိန်များတွင်ဗဟုသုတအဖြစ် ဆရာ၊ဆရာမများက ကျောင်းသူ၊ကျောင်းသားများကို အသိပညာမျှဝေပေးပါသည်။

သင်္ချာဌာနမှ ဆရာ/ ဆရာမများ

စဥ်အမည်ဘွဲ့အမည်ရာထူး
၁။ဒေါ်မေသူလှိုင်M.Sc (Maths)နည်းပြ