Breaking News

အင်္ဂလိပ်စာဌာန

အင်္ဂလိပ်စာဌာန

အင်္ဂလိပ်စာဘာသာရပ်ကို A.G.T.I ပထမနှစ်မှ တတိယနှစ်အထိ သင်ကြားပို့ချရပါသည်။

သင်ကြားပို့ချရာတွင် ထိရောက်မှုရှိစေရန် သင်ခန်းစာများကို စနစ်တကျ lesson plan များရေးဆွဲပြီး သင်ကြားပေးပါသည်။ ကျောင်းသား/ကျောင်းသူများအား အပတ်စဉ် Tutorial များစစ်ဆေးခြင်း၊ Eassay များ ရေးသားစေခြင်းတို့ကိုပြုလုပ်ပေးပါသည်။ အဖြေလွှာများကို စစ်ဆေးပီးနောက် ကျောင်းသား/ကျောင်းသူများ မှားလေ့ရှိသော အကြောင်းအရာများကို ပြန်လည်ရှင်းလင်းသင်ကြားပေးပါသည်။

ကျောင်းသား/ကျောင်းသူများ၏ အင်္ဂလိပ်စာ အရည်အသွေးတိုးတက်စေရန် ပြဌာန်းစာအုပ်ပါ သင်ခန်းစာများအပြင် ပြင်ပမှဗဟုသုတရဖွယ်၊ အခြားစိတ်ဝင်စားဖွယ် အကြောင်းအရာများကို ရှာဖွေပြီး လေ့ကျင့်သင်ကြားပေးပါသည်။ English Skills တိုးတက်စေရန် အသံဖိုင်များနားထောင်စေပြီး အပြန်အလှန်ပြောဆို‌လေ့ကျင့်ပေးပါသည်။

ဌာနရှိဆရာ/ဆရာမများ၏ အရည်အသွေးတိုးတက်ကောင်းမွန်စေရန် ဆရာ/ဆရာမ အချင်းချင်း Micro Teching များပြုလုပ်ခြင်းနှင့် မိမိတို့တက်ရောက်သော သင်တန်းများနှင့် ပတ်သက်ပြီး khowledge sharing များပြုလုပ်ပါသည်။ ကျောင်းရှိ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများ၏ အင်္ဂလိပ်စာ အရည်အသွေးတိုးတက်စေရန် Basic English Speaking Course များကို အခါအားလျော်စွာ ဖွင့်လှစ်သင်ကြားပေးပါသည်။

အင်္ဂလိပ်ဌာနမှ ဆရာ/ ဆရာမ များ

စဉ်အမည်ဘွဲ့အမည်ရာထူး
၁။ဒေါ်စန္ဒာလင်းB.A (Eng)လ/ထ ကထိက
၂။ဒေါ်သဇင်မင်းB.A (Eng)လ/ထ ကထိက