Breaking News

စည်းကမ်းချက်များ

၁။ ကျောင်းတက်ချိန်အမီ ကျောင်းသို့လာရမည်ဖြစ်ပြီး  သတ်မှတ်ထားသောစာသင်ချိန်များအတိုင်း မှန်မှန်တက်ရောက်ရမည်။

၂။ နေ့စဉ်ကျောင်းတက်ရာတွင် ကျောင်းမှသတ်မှတ်ထားသော  ကျောင်းဝတ်စုံအပြည့်အစုံ ဝတ်ဆင်ပြီး ကျောင်းသားကဒ် ချိတ်ဆွဲရမည်။    

၃။ ပြဌာန်းထားသော သင်ရိုးများအရ ကျောင်းတက်ချိန် ၇၅% တက်ရောက်မှသာ လုံလောက် မည် ဖြစ်သဖြင့် ကျောင်းတက်ချိန် ၇၅%မပြည့်ပါက စာမေးပွဲဖြေဆိုခွင့် ပြုမည်မဟုတ်ပါ။

၄။ ကျောင်းပျက်ကွက်လိုပါက မိဘ/အုပ်ထိန်းသူကိုယ်တိုင် လက်မှတ်ရေးထိုး၍ သက်ဆိုင်ရာ
ဌာနမှူးထံ ခွင့်စာဖြင့်ခွင့်တိုင်ကြားရမည်။ ကျန်းမာရေးအရ ခွင့်တိုင်ကြားပါက ဆရာဝန်၏
ဆေးထောက်ခံစာဖြင့်  ခွင့်တိုင်ကြားရမည်။

၅။ ကျောင်းအုပ်ကြီးနှင့်တကွ ဆရာ/မများအားလုံး၏ သွန်သင်ဆုံးမမှုကို တသွေမတိမ်း လိုက်နာ
ဆောင်ရွက်ရမည်။

၆။ ကျောင်းစည်းကမ်းမလိုက်နာသော၊ ဆိုဆုံးမမှုမနာခံသော၊ အေးချမ်းစွာပညာသင်ကြားရေး
ကိုနှောင့်ယှက်/ဖျက်ဆီးသူများအား မိဘထံအပြီး ပြန်လည်အပ်နှံမည်။   

၇။ ဆရာ/မများ စာသင်ကြားနေချိန်အတွင်း ကန်တင်းထိုင်ခြင်း၊ ဂိမ်းကစားခြင်း၊ ပြင်ပသို့အုပ်စုဖွဲ့
ရောက်၍ သွားလာပျော်ပါးခြင်းမပြုလုပ်ကြရန်နှင့် ကျောင်းဝန်းအတွင်းကျောင်းသား/သူနှင့်လိုက်
လျော ညီထွေမှုမရှိသောစည်းကမ်းပျက် ဝတ်စားသွားလာခြင်းတို့ကို မပြုလုပ်ရပါ။

 ၈။ ကျောင်းသားများ ကွမ်းစားခြင်း၊ ဆေးလိပ်သောက်ခြင်း၊ ဖဲရိုက်ခြင်း၊လောင်းကစားပြုလုပ်
ခြင်း၊ အရက်သေစာသောက်စားခြင်း၊ မူးယစ်ဆေးဝါးသုံးစွဲခြင်း၊မူးယစ်ထုံထိုင်းဘေးဖြစ်စေ
သော ဆေးဝါးများသုံးစွဲခြင်း လုံးဝမပြုလုပ်ရန်နှင့် တွေ့ရှိပါက ကျောင်းစည်းကမ်းအရ
ပြင်းထန်စွာ အရေးယူမည်ဖြစ်သည့်အပြင် တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။

၉။ ကျောင်းချိန်တွင်ဖြစ်စေ၊ ကျောင်းချိန်ပြင်ပတွင်ဖြစ်စေ ကျောင်းသားအချင်းချင်းသော်လည်းကောင်း၊ ပြင်ပပုဂ္ဂိုလ်များနှင့်သော်လည်ကောင်း ခိုက်ရန်ဖြစ်ပွားခြင်း၊ ပြဿနာတစ်စုံတစ်ရာ ဖြစ်ပွားခြင်း များအား(ကျောင်းမှလုံးဝတာဝန်ယူမည်မဟုတ်သည့်အပြင်) ကျောင်းစည်းကမ်းအရ ပြင်းထန်စွာ အရေးယူမည်ဖြစ်သည့်အပြင် တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်ဖြစ်သည်။

၁၀။ ကျောင်းအုပ်ကြီး၏ ခွင့်ပြုချက်မရဘဲ ကျောင်းဝင်းအတွင်းတွင်ဖြစ်စေ၊  ကျောင်းအဆောက်အအုံ အတွင်းတွင်ဖြစ်စေ အစည်းအဝေးပြုလုပ်ခြင်း၊ စာသင်ခန်းနှင့်ပရိဘောဂများသုံးစွဲခြင်း၊ စာအုပ်မျာ ရောင်းချခြင်း၊ စာရွက်စာတမ်းများဝေငှခြင်း၊ ကြော်ငြာစာတမ်းကပ်ခြင်း၊ ဟောပြောခြင်း၊ အသင်းအဖွဲ့ ဖွဲ့စည်းခြင်းများ မပြုလုပ်ရန်နှင့်် တွေ့ရှိပါက ကျောင်းစည်းကမ်းအရ ပြင်းထန်စွာအရေးယူမည်ဖြစ်သည်။

၁၁။ နိုင်ငံပိုင်၊ ကျောင်းပိုင်အဆောက်အဦများ၊ ပစ္စည်းများနှင့် ကျောင်းသားအချင်းချင်းပိုင်ပစ္စည်း
များကိုဖျက်ဆီးခြင်း၊ ခိုးယူခြင်းတို့ကို မပြုလုပ်ရန်နှင့် ပြုလုပ်ပါက ကျောင်းစည်းကမ်းအရ
အရေးယူမည်ဖြစ်သည့်အပြင် တည်ဆဲဥပဒေအရ အရေးယူခြင်းခံရမည်။

၁၂။ မိမိကျောင်းဝင်းအတွင်း သန့်ရှင်းလှပစေရေးအတွက် ကျောင်းဝင်းအတွင်း၊ စာသင်ခန်းအတွင်း သန့်ရှင်းရေးနှင့် အလုပ်ရုံသန့်ရှင်းရေးတို့အတွက် အမှိုက်ပုံးထဲသို့စနစ်တကျ အမှိုက်စွန့်ပစ်ခြင်း နှင့်အလုပ်ရုံပစ္စည်းများကို သုံးစွဲပြီးပါက စနစ်တကျ ပြန်လည်သိမ်းဆည်းခြင်းတို့ ပြုလုပ်ရမည်။

၁၃။ မိမိကိုယ်ပိုင်ယာဉ် (ဆိုင်ကယ်/ကား)များကို  သတ်မှတ်ထားသော  နေရာ၌သာ ရပ်နားရမည် 
ဖြစ်ပြီး အခြားနေရာများတွင် ရပ်နားပါက ဒဏ်ငွေပေးဆောင်ရမည်။

၁၄။ သင်ကြားရမည့် ဘာသာရပ်များကို ကြိုးစားလေ့လာပြီး အင်ဂျင်နီယာကျောင်းသားများ ပီသစွာ နေထိုင်ပြုမူရန်နှင့် မိမိကျောင်း၏ ဂုဏ်သိက္ခာမညှိုးနွမ်းစေရေး အစဉ်ပြုမူနေထိုင်ဆောင်ရွက်ရမည်။