Breaking News

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာန

ဌာနမှ ဆရာ/ဆရာမများ

လျှပ်စစ်ဓာတ်အားထုတ်လုပ်ခြင်း၊ ပို့လွှတ်ခြင်း၊ ဖြန့်ဝေခြင်းနှင့်သုံးစွဲခြင်း စသည့်အပိုင်းများနှင့် သက်ဆိုင်သော Power ပိုင်းနှင့် Control ပိုင်း ဆိုင်ရာ အကြောင်းအရာများကို  သင်ကြားပေးသော အတတ်ပညာကို လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ် ဟုခေါ်သည်။

သုံးနှစ်တာအတွင်း လေ့လာသင်ယူရမည့် ဘာသာရပ်များမှာ လျှပ်စစ်နှင့်ပတ်သက်သော အခြေခံသဘောတရားများ၊ သီအိုရီ များ၊ ဥပဒေသများကို စာတွေ့၊ လက်တွေ့သင်ယူရမည့်အပြင် လျှပ်စစ်ဖြစ်ပေါ်လာပုံ၊ လျှပ်စစ်သံလိုက်လှိုင်းများအကြောင်း၊ AC နှင့် DC လျှပ်စစ်၊ ထရန်စဖော်မာ(Transformer) အမျိုး အစားများနှင့် အခြေခံသဘောတရားများ၊ လျှပ်စစ်ပတ်လမ်း ရှိ လျှပ်စီး၊ ဗို့အားနှင့်ပါဝါများကို တိုင်းတာခြင်းနှင့် တွက်ချက် ခြင်း၊ မော်တာ(Motor)နှင့် ဂျန်နရေတာ(Generator) များ တည်ဆောက်ပုံ၊ လည်ပတ်ပုံနှင့် ၄င်းတို့အားAuto သို့မဟုတ် Manual ဖြင့်ထိန်းချုပ်ပုံ၊ ထိန်းသိမ်းပြုပြင်ပုံ၊ လျှပ်စစ်ပတ် လမ်းများ(Circuit)နှင့် ၄င်းပတ်လမ်းများထဲတွင် ပါဝင်သော ပစ္စည်းများ (Components)အကြောင်း၊ လျှပ်စစ်အန္တရာယ် ကင်းဝေးရေးနှင့် အကာအကွယ်ပြုခြင်းဆိုင်ရာ အကြောင်း များ၊ လျှပ်စစ်သွယ်တန်းခြင်းနှင့် သွယ်တန်းရာတွင် လိုအပ်သော အသုံးပြုပစ္စည်းများအကြောင်း၊အဆောက်အဦများ၌ လျှပ်စစ် မီးသွယ်တန်း တပ်ဆင်ရန် ဒီဇိုင်းရေးဆွဲခြင်းနှင့် ကုန်ကျစရိတ် များ တွက်ချက်ခြင်း စသည်တို့အား လေ့လာသင်ယူရမည် ဖြစ်ပါသည်။

အလုပ်အကိုင်အခွင့်အလမ်းများ

သင်တန်း ပြီးဆုံးအောင်မြင်ပါက လျှပ်စစ်ဓာတ်အား ထုတ်လုပ်ခြင်းနှင့် သက်ဆိုင်သော စက်ရုံများ၊  ဓာတ်အားပို့ဆောင်ခြင်းအတွက် လိုင်းများ (tower) သွယ်တန်းခြင်း လုပ်ငန်းများ၊ လျှပ်စစ်ဓာတ်အား ဖြန်ဖြူးပေး ခြင်းလုပ်ငန်းများ(substations)၊ စက်ရုံအလုပ်ရုံနှင့် နေအိမ်အဆောက် အဦများတွင် ဝါယာတပ်ဆင်သွယ်တန်းခြင်းလုပ်ငန်းများ၊ Generator၊
Transformer စသည်တို့ တည်ဆောက်ပြုပြင်ထိန်းသိမ်းခြင်းနှင့် ဆိုင်သော လုပ်ငန်းများ၌လည်းကောင်း၊ ပြည်တွင်းပြည်ပ သင်္ဘောကျင်း များတွင် လျှပ်စစ်နှင့်ပတ်သက်သည့် လုပ်ငန်းအသီးသီး၌ လည်းကောင်း ဝင်ရောက်လုပ်ကိုင် နိုင်မည်ဖြစ်ပါသည်။

လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဌာနဖွဲ့စည်းပုံ

စဉ်အမည်ဘွဲ့အမည်ရာထူး
၁။ဦးကျော်လွင်ဟိန်းBE (EP)ကထိက
၂။ဒေါ်ငြိမ်းချမ်းစိုးBE (EP)ကထိက
၃။ဒေါ်မာလာအေးBE (EP)ကထိက
၄။ဒေါ်သန်းသန်းဆွေB.Tech (EP)ကထိက
၅။ဒေါ်ချိုဇင်ဦး
BE (EP) လ/ထကထိက
၆။ဒေါ်သင်းမြတ်သူBE(EP)လ/ထကထိက