လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာဌာန

အီလက်ထရောနစ်ဆားကစ်များ၊ ဆက်သွယ်ရေးသုံးပစ္စည်းများ၊ အီလက် ထရောနစ်ပစ္စည်းများ စသည်တို့အား ဒီဇိုင်းပြုလုပ်ရန် Electrical Components များအား အသုံးပြု၍ လျှပ်စစ်ပတ်လမ်းများ တည်ဆောက် ခြင်းအတတ်ပညာကို သင်ကြားပေးသော ဘာသာရပ်ကို အီလက်ထရော နစ်အင်ဂျင်နီယာဘာသာရပ်ဟုခေါ်သည်။
သုံးနှစ်တာအတွင်း လေ့လာသင်ယူရမည့် ဘာသာရပ်များမှာ- Circuit တည်ဆောက်ရာတွင် အသုံးပြုသောပစ္စည်းများနှင့် Circuit ပတ်လမ်းရှိ Voltage, Current တွက်ချက်ပုံများ အကြောင်း၊ Electronics ပစ္စည်းများ၌ အသုံးပြုသော IC များအကြောင်း၊ Amplifier, Transistor, Frequency များ အလုပ်လုပ်ပုံနှင့် တွက်ချက်ပုံအကြောင်း၊ ဆက်သွယ်ရေးသုံး ပစ္စည်းများ၌ အသုံးပြုသော Transmission, Receiving, Radio Frequency များအကြောင်း၊ program ရေးသားနည်း နှင့် computer များ အလုပ်လုပ်ပုံအကြောင်း၊ စက်ရုံများ၌ အသုံးပြုသောပစ္စည်းများကို ထိန်းချုပ်ရာ၌ အသုံးပြုသော PLC များအကြောင်း လေ့လာသင်ယူရမည်ဖြစ်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများ
သင်တန်းပြီးဆုံးပါက အစိုးရရုံးများ၊ ဆက်သွယ်ရေးကုမ္ပဏီများ၊ ရုပ်သံ လွှင့်ဌာနများ၊ Electronics Services လုပ်ငန်းများ၊ ရေကြောင်းကုမ္ပဏီ များတွင် ဝင်ရောက်လုပ်ကိုင်နိုင်မည်ဖြစ်ပါသည်။
စက်ရုံများသို့ လက်တွေ့ကွင်းဆင်းနေမှုများ
လျှပ်စစ်ဆက်သွယ်အင်ဂျင်နီယာဌာနဖွဲ့စည်းပုံ
စဉ် | ဓာတ်ပုံ | ဘွဲ့အမည် | ရာထူး |
---|---|---|---|
၁။ | ဒေါ်နှင်းပွင့်ဟန် | ME (EC) | ကထိက |
၂။ | ဦးမင်းစိုးသိန်း | BE (EC) | နည်းပြ |
၃။ | ဒေါ်ခိုင်ဆုဝေ | BE (EC) | နည်းပြ |
၄။ | ဒေါ်ခင်ထက်ဇော် | BE (EC) | နည်းပြ |
၅။ | ဒေါ်အေးလှိုင်မိုး | BE (EC) | နည်းပြ |
၆။ | ဒေါ်အေးအေးသွယ် | BE (EC) | နည်းပြ |
၇။ | ဦးသန်းဝင်းအောင် | A.G.T.I (EC) | ဓာတ်ခွဲကျွမ်းကျင်-၃ |
၈။ | ဒေါ်ရှင်းခန့်ကျော် | B.Tech (EC) | ဓာတ်ခွဲကျွမ်းကျင်-၄ |
၉။ | ဒေါ်ဝင့်ရီမွန် | A.G.T.I (EC) | ဓာတ်ခွဲကျွမ်းကျင်-၄ |