မြို့ပြအင်ဂျင်နီယာဌာန

လမ်း၊ တံတား၊ ဆည်မြောင်းများနှင့် အဆောက်အအုံများအား ဒီဇိုင်းရေးဆွဲ ခြင်း၊ တည်ဆောက်ခြင်းနှင့် ထိန်းသိမ်းခြင်းအတတ်ပညာကို သင်ကြားပို့ချ သည့် ဘာသာရပ်ကို မြို့ပြအင်ဂျင်နီယာဘာသာရပ် ဟုခေါ်သည်။
သုံးနှစ်တာအတွင်း လေ့လာသင်ယူရမည့် ဘာသာရပ်များမှာ- အခြေခံဒီဇိုင်းနှင့် ပုံဆွဲဘာသာရပ်၊ အခြေခံလက်သမားနှင့် ပန်းရံလက်တွေ့ဘာသာရပ်၊ အဆောက်အဦသုံးပစ္စည်းများ အကြောင်းနှင့် အဆောက်အဦတည်ဆောက်ပုံအကြောင်း သင် ကြားသည့်ဘာသာရပ်၊ အရည်၏တည်ငြိမ်မှု၊ ရွေ့လျားမှုများ နှင့် စွမ်းအားကိုလေ့လာသည့်ဘာသာရပ်၊ အဆောက်အဦ (member)များအပေါ် သက်ရောက်အားများ ခံနိုင်ရည်ရှိ၊မရှိ စစ်ဆေးတွက်ချက်သည့်ဘာသာရပ်၊ မြေတိုင်းပညာ ဘာသာ ရပ်၊ လမ်းတံတားနှင့် ဆည်မြောင်းရေပေးဝေခြင်းဘာသာရပ်၊ အဆောက်အဦဝန်ဆောင်မှုပညာများ သင်ကြားသည့် ဘာသာ ရပ်၊ သံကူကွန်ကရစ်အရည်အသွေးနှင့် ပုံစံဒီဇိုင်းတွက်ချက်မှု ပညာဘာသာရပ်၊ အခြေခံသစ်၊ သံမဏိနှင့်ကွန်ကရစ်တို့၏ ခံနိုင်ဝန်နှင့် တည်ဆောက်ပုံတို့ကို တွက်ချက်သည့်ဘာသာရပ်၊ လမ်းတံတားနှင့် အဆောက်အဦတို့၏ ခန့်မှန်းခြေကုန်ကျစရိတ် နှင့် စိစစ်တွက်ချက်ခြင်းဘာသာရပ်၊ သံချည်သံကွေးတပ်ဆင် ခြင်းနှင့်ပိုက်ဆက်အတတ်ပညာ ဘာသာရပ်တို့ ဖြစ်ပါသည်။
အလုပ်အကိုင်အခွင့်အလမ်းများ
သင်တန်းပြီးဆုံးပါက အစိုးရဌာနများ၊ စက်ရုံ၊ အလုပ်ရုံများ၊ လမ်းတံတား နှင့် မြို့ပြအိမ်ယာစီမံကိန်းများ၊ ဆောက်လုပ်ရေးကုမ္မဏီများ အစရှိသည့် နေရာ များတွင် ဝင်ရောက်လုပ်ကိုင်နိုင်ပါသည်။
မြို့ပြအင်ဂျင်နီယာဌာနဖွဲ့စည်းပုံ
စဉ် | အမည် | ဘွဲ့အမည် | ရာထူး |
---|---|---|---|
၁။ | ဒေါ်မေကျော့ခိုင် | ME (Civil) | ကထိက |
၂။ | ဒေါ်အေမီအောင် | BE (Civil) | ကထိက |
၃။ | ဒေါ်ပြုံးပြုံးတင့် | A.G.T.I (Civil) | လ/ထ ကထိက |
၄။ | ဒေါ်စိုးဇာဇာထွန်း | A.G.T.I (Civil) | လ/ထ ကထိက |
၅။ | ဒေါ်ရည်ရည်မွန် | BE (Civil) | နည်းပြ |
၆။ | ဒေါ်သူဇာကေခိုင် | BE (Civil) | နည်းပြ |
၇။ | ဒေါ်အိသဉ္ဇာခိုင် | A.G.T.I (Civil) | ဓာတ်ခွဲကျွမ်းကျင်-၄ |
၈။ | ဒေါ်သီရိရဲထွဋ် | GTHS (Civil) | ဓာတ်ခွဲကျွမ်းကျင်-၅ |