ဇီဝနည်းပညာသင်တန်းကျောင်းကို (၁.၅.၂၀၀၁) မှ (၁.၉.၂၀၀၃) အထိ ဖွင့်လှစ်ခဲ့ပါသည်။ အစိုးရစက်မှုလက်မှုသိပ္ပံကျောင်းကို (၁၆.၁.၂၀၁၅) မှ ယနေ့ထိ ဖွင့်လှစ်လျှက်ရှိပါသည်။
တည်နေရာ_ ကွင်းအမှတ်(1066) တန်(250) လမ်း ကွမ်းခြံကျေးရွာအုပ်စု လက်ပံတန်းမြို့။
အကျယ်အဝန်း_ 36.23 ဧက

နည်းပညာနှင့်သက်မွေးပညာရေးဆိုသည်မှာ လုပ်ငန်းခွင်နေရာ အသီးသီးတွင် ကျွမ်းကျင်စွာ တာဝန်ယူဆောင်ရွက်နိုင်စွမ်း ရှိစေရန်အလို့ငှာ လိုအပ်သော လက်တွေ့ကျွမ်းကျင်မှု၊ သဘော ထားခံယူချက်၊ ကိုယ်ကျင့်တရား၊ နားလည်တတ်မြောက်မှု နှင့် လုံလောက်သော အသိပညာတို့ကို သင်ကြားလေ့ကျင့်ပေး ခြင်းဖြင့် ကျွမ်းကျင်သူများ၊ အတတ်ပညာရှင်များကို မွေးထုတ် ပေးသော ပညာရေးစနစ် ဖြစ်ပါသည်။
ထိုကြောင့် မြန်မာနိုင်ငံ၏ နည်းပညာ၊ သက်မွေးပညာနှင့်လေ့ကျင့်ရေး ကဏ္ဍတွင် အရည်အချင်းပြည့်ဝသော ကျွမ်းကျင်သူလိုအပ်ချက်ကို ဖြည့် ဆည်းပေးနိုင်ရေး၊ ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ရေးအတွက် အစိုးရစက်မှုလက်မှုသိပ္ပံ (လက်ပံတန်း) တွင် ပုံမှန်ဂျီတီအိုင်သင်တန်းများနှင့် ကျွမ်းကျင်မှုအခြေပြု ကာလတို သင်တန်းများအား ဖွင့်လှစ်သင်ကြားပေးလျက် ရှိပါသည်။ ဖွင့်လှစ် သင်ကြားပေးလျက်ရှိသော ပုံမှန်ဂျီတီအိုင်သင်တန်း အမျိုးအစားများမှာ-
မြို့ပြအင်ဂျင်နီယာဘာသာရပ်(Civil Engineering)
အီလက်ထရောနစ်အင်ဂျင်နီယာဘာသာရပ် (Electronic Communication Engineering)
လျှပ်စစ်စွမ်းအားအင်ဂျင်နီယာဘာသာရပ်(Electrical Power Engineering)
စက်မှုအင်ဂျင်နီယာဘာသာရပ် (Mechanical Engineering)
တို့ဖြစ်ပြီး သင်တန်းကာလမှာ(၃)နှစ် ဖြစ်ပါသည်။ တက်ရောက် ခွင့်ရရှိသော ကျောင်းသား၊ ကျောင်းသူများအား တစ်လလျှင် သုံးသောင်းကျပ်(၃၀၀၀၀)နှုန်းဖြင့် ပညာသင်စရိတ် ထောက်ပံ့ပေး အပ်လျက်ရှိပါသည်။ သင်တန်းပြီးဆုံးအောင်မြင်ပါက အေဂျီတီ အိုင် ဒီပလိုမာလက်မှတ်ရရှိမည်ဖြစ်ပြီး ထူးချွန်စွာအောင်မြင်ပါက နည်းပညာ တက္ကသိုလ်များတွင် ဆက်လက်ပညာသင်ယူနိုင်သည့် အခွင့်အရေးရှိ ပါသည်။
တာဝန်ထမ်းဆောင်ခဲ့သည့်ကျောင်းအုပ်ကြီးများ(လက်ပံတန်း)
စဥ် | အမည် | ဘွဲ့အမည် | တာဝန်ထမ်းဆောင်ခဲ့သည့်ခုနှစ် |
---|---|---|---|
၁ | ဦးမင်းမင်းဦး | ME (Industrial Engineering) | 2015-2017 |
၂ | ဒေါက်တာဝတ်ရည်လှိုင် | Ph.D (EP) | 2017-2018 |
၃ | ဒေါက်တာထက်ထိုက်ထွေး | Ph.D (Met) | 2018- 2021 |
၄ | ဒေါက်တာအောင်မျိုးဝင်း | Ph.D (Mech) | 2021-ယခုထိ |
Average Rating